မီးပျက်ခြင်းနှင့် STEM tokenလဲလှယ်ခြင်း...!

in HIVE-MYANMAR4 years ago

Hive platform ပေါ်ရှိ ညီအစ်ကို မောင်နှမများအားလုံး မဂ်လာအပေါင်းနဲ့ ပြည့်စုံကြပါစေ...
screenshot_2021_09_26_21_51_57.png

ဒီနေ့တော့ မီးက တစ်နေကုန်ပျက်နေပြီး ဖုန်းအားမရှိတော့သဖြင့် မရေးတော့ဘူး စဥ်းစားနေတာ မနေနိုင်၍ အတိုလေးတစ်ပုဒ်တေါ့ ဖုန်းအားရှိသလောက် ရေးသားလိုက်ရပါသည်။
EPC လျပ်စစ်မီးအား မနက် (10:00)နာရီ မှ နေ့လည် (15:00)နာရီအထိ မီးဖြတ်မည်ဟု facebook ပေါ်တွင် အမိန့်ကြော်ငြာစာအား မနေ့ကတည်းက post တင်ထားသည်ကို တွေ့ရှိရပါသည်။
ထိုသို့ဖြင့် ယနေ့မနက် (10:00)နာရီတွင် မီးဖြတ်သွားပါသည်။
မိမိစိတ်အထင် နေ့လည် (15:00)နာရီတွင် ပြန်လည်ရရှိမည်ဟု ထင်ထားသော်လည်း ယခု ကျွန်တော်စာရေးနေသော ည (21:00)နာရီကျော်အထိ မီးမရပါကြောင်း..
facebook ပေါ်တွင် သူတို့ပြောထားသည်မှာ ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်း..လဲလှယ်ခြင်းများ လိုအပ်သည်များ ပြုလုပ်နိုင်ရန်ဟုရေးထားပါသည်။
ယခင်ပုံမှန်အရ မိမိတို့သည် မြို့နယ်EPCရုံးနှင့် ချိတ်ဆက်၍ မိမိတို့ခွဲရုံအတွက် နှင့် power လိုင်းများအတွက် လိုအပ်သည်များ လုပ်ဆောင်လျှက် အခြေအနေများအား အမြဲတမ်း ပြောဆိုလေ့ရှိသော်လည်း ယခုအခါ မိမိကိုယ်တိုင်ပင် ဘာမျှမမေးပဲ ယခု မီးမရသောအချက်မှာ ဘာကြောင့်မှန်းမသိပါ။
ယနေ့လက်ရှိလုပ်ဆောင်နေသောအရာများအား မိမိကိုယ်တိုင် စိတ်မဝင်စားသောကြောင့် ဖြစ်ပါသည်။
မည်သို့ပင်ဖြစ်စေ Hive platform ပေါ်ရှိ Hive engine token များထဲမှ မိမိအသုံးမဝင်တော့သော STEM token အား Unstake လုပ်ထားခဲ့ရာ Token ပမာဏ အားလုံး ပြီးမြောက်သွားပြီဖြစ်ပါသည်။ထို့ကြောင့် ရရှိလာသော 100 STEM အား Hive နှင့်လဲလယ်လိုက်ပါကြောင်း...
အခြားသောHive engine Token များ၏ စျေးနှုန်းအတက်အကျများ ကြည့်ရှု့ရင်း ရရှိလာသော 10 hive နှင့် မည်သည့် token ဝယ်ရင်ကောင်းမလဲ စဥ်းစားနေပါကြောင်း...ဖုန်းအားကုန်တော့မည် ဖြစ်ပါ၍ ဒီလေါက်နဲ့ပတ် အဆုံးသတ်လိုက်ရပါတော့သည်။
သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပြီး အေးချမ်းသောနိုင်ငံ အမြန်ဆုံးရရှိနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
@uthantzin
26.9.2021(21:00)pm

Sort:  

နှစ်ဆင်ချိန်းရတာလား

ဘာကိုပြောတာလဲ အစ်ကို။ Token ဆိုရင်တော့ leodex.io က STEM token ကို ပြောတာပါ။အောက်ပုံမှာကြည့်ပါအစ်ကို။

screenshot_2021_09_27_10_21_00.png

ကိုတေဆီမှာလဲ မီးပျက်တာထက် အခု အင်တာနက်လိုင်းတွေ ကျနေပါပီ အခုက မိတ်ဆွေ တစ်ယောက်၏ MECကဒ်မှရသော အင်တာနက်ဖြင့် ဟော့စပေါ့လေး ခဏချိတ်ကာ မက်ဆေ့ပေးသွားသည်။ !PIZZA

@uthantzin! I sent you a slice of $PIZZA on behalf of @nyinyiwin.

Learn more about $PIZZA Token at hive.pizza (2/10)

အော်...ဟုတ်လားအစ်ကို အရမ်းခက်ခဲလာပြီဆိုတဲ့သဘောပေါ့။ကျေးဇူးအများကြီးတင်ပါတယ်အစ်ကို။ ဂရုတစိုက်နေပါအစ်ကို။
!PIZZA

@nyinyiwin! I sent you a slice of $PIZZA on behalf of @uthantzin.

Learn more about $PIZZA Token at hive.pizza (2/10)

ကျွန်တော်တော့ hive ပဲလဲလိုက်တာ။
!PIZZA

@uthantzin! I sent you a slice of $PIZZA on behalf of @htwegyi.

Learn more about $PIZZA Token at hive.pizza (6/10)

hive နဲ့ တစ်ခြား ဘာမှ ပြန်မဝယ်တော့ဘူးပေါ့ ...ဟုတ်လား။ !PIZZA

@htwegyi! I sent you a slice of $PIZZA on behalf of @uthantzin.

Learn more about $PIZZA Token at hive.pizza (6/10)

ဟုတ်တယ်

Yay! 🤗
Your content has been boosted with Ecency Points, by @uthantzin.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for Proposal
Delegate HP and earn more

Thank you.

 4 years ago Reveal Comment