Photo made by Poster maker
နာနာရိုက်မှ အိုးကောင်းရ
ကျွန်တော်၏ အိမ်တွင် အလွန်ဆော့သော ကြောင်
ကလေး (၄)ကောင်နှင့် တူလေးတစ်ယောက်ရှိ
သည်။ ကလေးနှင့်ကြောင်သည် ဆင်တူပါသည်။
ကြောင်ကလေးများဆော့သလို တူကလေးသည်
ဆော့သည်။ ကြောင်ကလေးများ တညောင်ညောင်
အော်သလို တူကလေးသည်လည်း နားငြီးအောင်
တတွတ်တွတ် ပြောတက်လေသည်။
သို့သော် ကြောင်ကလေးနှင့် တူကလေး ခြားနားမှု
ရှိသည်။ ထိုအရာမှာ အသိညာဏ်ပင်ဖြစ်သည်။
ကြောင်ကလေးသည် ကြက်သားဟင်းခိုးစားသည်။
ရိုက်ပြီး ဆုံးမသော်လည်း နောက်တစ်ခါ ထပ်ခိုးစား
သည်။ တူကလေးက ထမင်းဟင်းကို ဦးစွာခပ်ကာ
စားသည်။ ပထမတစ်ကြိမ် ပါးစပ်ဖြင့် ထို့ကဲ့
သို့သော အမူရာသည် ရိုင်းကြောင်း နောက်မလုပ်ရန်
ဆုံးမသည်။ တခါတည်းပင် နောက်တစ်ခါ ဤကဲ့သို့
လုပ်လျှင် ရိုက်မည်ဟု သတိပေးသည်။ ထိုအခါ
တူကလေးသည် မှတ်သားထားသည်။ နောက်တစ်
ကြိမ် သတိလွတ်ကာ ထပ်မံထမင်းဟင်းကို လူကြီး
မိဘများထက် အရင်ခပ်စားသည်။ ထိုအခါ
ကျွန်တော်၏ ကတိအတိုင်း ဝါးခြမ်းပြားဖြင့် ၂ ချက်
ရိုက်သည်။ ဒီတစ်ကြိမ်တွင်တော့ တူကလေးသည်
အသားနာ၍ နောက်တစ်ခါ ဤအမှားမျိုးနောက်
ထပ်မလုပ်တော့ပေ။
ကျွန်တော်သည် တူကလေးကိုချစ်သည်။ လိမ္မာယဥ်
ကျေးသော သားကလေးဖြစ်စေချင်သည်။ ထို့ကြောင့်
တူကလေးမသိသော အရာများအား သင်ကြားပေး
သည်။ လူ့ကျင့်ဝတ်များ၏ ဆောင်ရန်နှင့် ရှောင်ရန်ကို
ပြောပြသည်။ လက်တွေ့လည်း လိုက်နာကျင့်သုံး
စေသည်။ လူကြီးကို အော်မပြောရဟု ပြောထားလျှင်
တူကလေးက သတိလွတ်သွား၍ အော်ပြောသည်။
ပါးစပ်ဖြင့် သတိပေးပြီး နောက်လုပ်လျှင် ရိုက်မည်ဟု
သတိပေးလိုက်သည်။ သို့ပေမဲ့ တူကလေးသည်
ငယ်သေးသောကြောင့် မေ့မေ့လျော့လျော့နေတက်
သည်။ တူကလေးသည် မကြာခဏ ကျွန်တော်၏
ရိုက်ခြင်းကို ခံရသည်။ ကျွန်တော့်ဆိုကြောက်သည်။
ချစ်လည်းချစ်သည်။ ဒီနေ့လည်း လူကြီးမိဘကို
ပြန်အော်ပြော၍ ၂ ချက်ကို နာနာကလေး ရိုက်လိုက်
သည်။
အိုးကောင်းလိုချင်လျှင် နာနာရိုက်ရတယ်ဟု
ရှေးလူကြီး သူမများကပြောကြသည်။ ထိုအရာမှား
ကြောင်း ကျွန်တော်ပြောချင်ပါသည်။ အကြောင်းမှာ
သက်သေသာဓက ရှိသောကြောင့်ဖြစ်သည်။ ထိုသက်
သေက ကျွန်တော်ပင်ဖြစ်သည်။ ကျွန်တော်ကလေး
ဘဝတုန်းကဖြစ်သည်။ ကျွန်တော်၏ ဖခင်သည်
ပိန်ပိန်ပါးပါး။ နှုတ်ခမ်းမွေးများထူထူရှိသည်။
အပြောအေးသည်။ လူအေးဖြစ်သည့်အတိုင်း စိတ်
ကြီးသည်။ ကျွန်တော်တို့အမှားလုပ်လျှင် လူကြီးအား
ဖြင့် ရိုက်သည်။ လက်သီးဖြင့် ထုထောင်းသည်။ ရိုက်
မိလျှင် တော်တော်နှင့်အပြီးပဲ မိခင်မှ ဝင်ရောက်တား
ယူရသည့်အထိဖြစ်သည်။ မိခင်ဝင်ကယ်မှပင် ကျွန်
တော်တို့သည် သက်သာရာရကြသည်။ ထို့ကဲ့သို့
လုပ်ခြင်းဖြင့် ဘာအကျိုးကျေးဇူးရှိသနည်း။
ရှိပါသည်။ နောက်ဆိုလျှင် ကျွန်တော်သည် မသိ၍
မှားမိသော အပြစ်ကို ဖုံးကွယ်သည်။ ထိုအခါ မိမိ
သည် ဘယ်အရာမှားသည်။ ဘယ်အရာမှန်သည်
မသိတော့ပေ။ အမှားလုပ်တိုင်းဖုံးကွယ်၏။ ညာပြော
၏။ ထိုကဲ့သို့ လိမ်ပြော၊ ညာပြောတော့ ကျွန်တော်၏
ဖခင်သည် ကျွန်တော့်အားမည်ကဲ့သို့ အမှားအမှန်ကို
သင်ပြပေးနိုင်မည်နည်း။ "တသက်လုံးမှတ်သွား
အောင် နာနာရိုက်ပေးလိုက်ဦးမယ်ဟေ့" ဟူသော
အရာသည် တသက်လုံးပင်မက သေသည်အထိ
လိမ်ညာ တက်သွားအောင်ဖြစ်သွားစေမည်။ ပြီးလျှင်
ရိုက်ခံရလွန်းအားကြီး၍ ထုံထုံပေပေဖြစ်သွားတက်
သည်။ ထို့ကြောင့် နှောင်ကြင်အောင် ဒေါသဖြင့်
ကလေးနှင့်မတန်စွာ ရိုက်နှက်ဆုံးမခြင်းသည် မှား
သည်ဟု ကျွန်တော်က သက်သေခံရခြင်းဖြစ်ပါသည်။
အရွယ်ရလာ၍ ကျွန်တော်သည် စာပေများ
ဖတ်တက်လာခဲ့ခြင်းက အကျိုးကျေးဇူးကြီးမား
လှပါသည်။ ယခုကဲ့သို့ Hive blog တွင် ကိုယ်တိုင်
ဆောင်းပါးများရေးသား လာရသောအခါ၌ အသိနှင့်
ဗဟုသုတများတိုးပွားကာ အရာရာတိုင်းမဟုတ်ပေမဲ့
တချို့ကိစ္စများကို စဥ်းစားချင့်ချိန်တက်လာခဲ့
ပါသည်။ ယခု ကျွန်တော်ချစ်သော တူကလေးကို
မကြာခဏရိုက်ပါသည်။ သို့သော် ၂ ချက်ပင်။
ပထမတစ်ချက်ကိုတော့ နာကျင်အောင်ရိုက်ပြီး
ဒုတိယတစ်ချက်ကိုတော့ လျော့ရိုက်ပါသည်။
ပြီးလျှင် သူ၏ စိတ်ထဲတွင် ဤအရာသည်
မှားကြောင်း မှတ်မိသွားစေရန် သာဓကများဖြင့် ပြောပြပါသည်။ ယခုတလောတွင်ဖြင့် တူကလေးအား မကြာခဏ ရိုက်မိနေပါ
တော့သည်။
ထို့ကြောင့် တူကလေးတော့ အိုးကောင်းဖြစ်တန်ပါရဲ့...
ရေးသားသူ။ ။
ကိုကိုမိုးဟိန်း
သစ်အယ်သီး
<<---(Above is Myanmar Language)--->>
# The future is in your hand | # Do not kill the time | # If you love yourself |
---|---|---|
# Never give up! | # Try your BEST | ![]() |
Connect to me>>> Touch Image
KoKoMoeHein | Myanmarkoko5 | kokomoehei7 |
---|---|---|
![]() | ![]() | ![]() |
Post creator : @myanmarkoko
From : Myanmar
Name: KoKoMoeHein
Jul.23.21