Hive platform ပေါ်ရှိ ညီအစ်ကို မောင်နှမများအားလုံး မဂ်လာအပေါင်းနဲ့ ပြည့်စုံကြပါစေ...
ဒီနေ့တော့ ကျွန်တော်တို့ နေ့စဥ် Post တင်အသုံးပြုပြီး လုပ်ဆောင်နေကျသော Hive account လေး၏ အဓိက အချက်တစ်ချက်ကို မျှဝေပေးခဲ့ပါမည်။ များသောအားဖြင့် လူဟောင်းများအတွက် သိပြီးသားဖြစ်သော်လည်း လူသစ်များအတွက် လိုအပ်သောကြောင့် ပြန်လည် ရေးသားမျှဝေလိုက်ရခြင်း ဖြစ်ပါသည်။
ကျွန်တော်တို့ အားလုံး Hive platform ပေါ်တွင် စာရေးခြင်းအား ဝါသနာပါ၍သော်လည်းကောင်း..Cryptocurrency အားစိတ်ဝင်စား၍ သော်လည်းကောင်း..နည်းမျိုးစုံဖြင့် ဤ platform ပေါ်သို့ ရောက်ရှိလာခဲ့ကြပါသည်။
ထိုသို့ ရောက်ရှိလာခဲ့ကြပြီး Platform ပေါ်တွင် မိမိအရင်ရောက်နှင့်နေကြသော senior များ၏ post များအားဖတ်ရှု့ခြင်း..သူတို့၏ ပြောဆိုမှုများအား မှတ်သားထားခြင်း..Hive platform မှ စည်းမျဥ်းစည်းကမ်းများအား လေ့လာမှတ်သားခြင်း..စသည်ဖြင့် စနစ်တကျ အချိန်ယူ လေ့လာပြီးမှသာ ဤ platfotm ပေါ်တွင် Introduction post ကို တင်ရန် လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ပါသည်။
platform ပေါ်သို့ရောက်ရှိပြီး senior များကဲ့သို့ post တင်နိုင်ရန် ပထမဦးဆုံး intro post အတွက်ပင် မည်မျှအရေးကြီးကြောင်း.. မည်သို့လုပ်ဆောင်သင့်ကြောင်း.. ကျွန်တော်တို့၏ myanmar အဖွဲ့သားများအတွက် အစ်ကိုဟင်နရီ - @kachinhenry မှ post တင်ပြီး အသိပေးလေ့ရှိပါသည်။
ကျွန်တော် အဓိက သတိပေးချင်သော အချက်ရောက်လာပါပြီ။
ကျွန်တော်တို့အားလုံးသည် ယနေ့ ဒီနေရာရောက်ဖို့အတွက် ကျော်ဖြတ်လာသော ပုံစံအခြေအနေခြင်း မတူသော်လည်း အချိန်ယူပြီး အဆင့်ဆင့် လေ့လာကျော်ဖြတ်ခဲ့ရသော အချိန်တွေ ပေးဆပ်ခဲ့ရတာခြင်းတော့ တူနေမည် ဖြစ်ပါသည်။
ဒါကြောင့် ဤကဲ့သို့ စနစ်တကျ လေ့လာပြီး ရောက်ရှိလာသော platform ပေါ်တွင် မိမိတို့ အမှတ်တမဲ့ ဖြစ်နေသော အရာမှာ မိမိတို့၏ တန်ဖိုးရှိသော Hive account မှ password များအား ထန်းသိမ်းခြင်းပဲ ဖြစ်ပါသည်။
မိမိတို့ နေ့စဥ်အသုံးပြုနေသော Hive account သည် မိမိအချိန်များပေး၍ လေ့လာမှု..ကြိုးစားမှု အားလုံးပေါင်းပြီး ရရှိထားသော account ဖြစ်ပါ၍ မိမိ Hive account password များအား စနစ်တကျ သိမ်းဆည်းထားရန် လိုအပ်မည်ဖြစ်ပါသည်။
ဒီအခြေအနေများအား senior များ အားလုံးလိုလို သိရှိ ကျော်ဖြတ်ခဲ့ကြပြီး ဖြစ်ပါသည်။
အနီးစပ်ဆုံး အထင်ရှားဆုံး ဥပမာပေးရမည် ဆိုရင်တော့ @callmemaungthan account သည် ပထမ account မှာ account password မသိတော့ပဲ account အသစ်ဖြင့် ဒုတိယအကြိမ် ကြိုးစားထားသော account ပဲဖြစ်ပါသည်။
ထို့ကြောင့် မိမိတို့ အားသန်သလို Hive account password များအား မိမိ၏ memo တွင် save ခြင်း..SD card တွင် သိမ်းဆည်းခြင်း..computer ထဲတွင် သိမ်းဆည်းခြင်း..screenshot ရိုက် သိမ်းဆည်းခြင်း..internet ပေါ်ရှိ မိမိကိုယ်ပိုင် စာမျက်နှာတွင် သိမ်းဆည်းခြင်း..စာအုပ်ထဲတွင်ရေးမှတ်ထားခြင်း..စသော နေရာများတွင် စနစ်တကျ သိမ်းထားမှသာ စိတ်ချရပြီး safe ဖြစ်မည် ဖြစ်ပါကြောင်း ...
ထိုသို့ မလုပ်ဆောင်ခဲ့မိပါက မည်မျှတန်ဖိုးရှိနေသော account ဖြစ်ပါစေ password မမှန်တော့ပါက recovery ပြန်ယူ၍ မရနိုင်ပါကြောင်း...
အနှစ်နှစ် အလလ ကြိုးစားခဲ့သမျှ ဤ တစ်ချက်ကြောင့် Zero အခြေအနေ ဖြစ်သွားနိုင်ပါကြောင်း...
အလေးထား လုပ်ဆောင်ထားနိုင်ကြစေရန် အသိပေး ရေးသားမျှဝေလိုက်ရပါတော့သည်။
သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပြီး အေးချမ်းသောနိုင်ငံ အမြန်ဆုံးရရှိနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
@uthantzin
22.9.2021(20:00)pm